Saturday, June 27, 2009

ဒီကေဘီအေတစ်ဦး၏ ရင်ဖွင့်ခံစားမှု

မှတ်ချက်။ forward mail ကရလာလို့ ဒီမှာတင်ဖြစ်သွားတယ်။ ကရင်တစ်မျိုးသားလုံး တစ်ဦးနဲ့ တစ်ဦး ပိုမိုနားလည်မှုများနှင့်အတူ အနာဂတ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရန်အတွက် ရည်ရွယ်ပြီး တင်ပြလိုက်ရတာပါ။ ကရင်တစ်မျိုးသားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မွန်းကြပ်ခြင်းအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

dkba cry-out

Friday, June 26, 2009

Myanmar News

mr yettaw news from myanmar light newspaper

Monday, June 22, 2009

Human Rights School in Korea

The May 18 Memorial Foundation Accepts Application for

2009 Gwangju Asian Human Rights Folk School



“I recognized that the power of small individuals could forge and unite in solidarity to bring about the constructive change to the world. Eventually, Gwangju Asian Human Rights Folk School (GAHRFS) was a true moral blessing and encouragement to me” a reflection made by Ms. Ratchada Arpornsilp, participant from Thailand 2007.



The May 18 Memorial Foundation is now accepting applications for the 2009 Gwangju Asian Human Rights Folk School. This year, the application is being made more competitive to screen the number of applications. The emphasis is organizational partnership, so applicants endorsed by their organization will be given priority. Since the foundation will not be able to provide multiple translations, English language will be the medium for exchange.



The GAHRFS aims to contribute to the development of democracy and human rights throughout Asia. Twenty (20) participants will be selected from among applicants from all over Asia who have been working for human rights, peace and democracy. They will be given an opportunity to learn and experience the history and development process of human rights and democracy in Korea(S). The folk school will also serve as an opportunity for participants to exchange and network with other human rights activists.



One of the perks of attending the Folk School is the opportunity to be endorsed for a scholarship. For the last 3 years the foundation has been supporting scholars at Sungkonghoe University studying for their Master of Arts in Inter-Asia NGO Studies (MAINS). They were chosen and selected by the folk school committee based on their active participation and performance during the folk school.



Interested applicants should download the attached form. Applicants are advised to read carefully the guidelines and the rules in order for their application to be considered. The foundation will only accept and consider applicants who will properly comply with the set guidelines and rules.



Useful Information

This year the foundation will accept 20 applicants:

Junior Staff 8 (with 2-5 years experience)

Middle Management/Advisory 8 (with 5-15 years experience)

Senior/Director 4 (with more than 15 years experience)



Applicants should ensure that they have no potential visa problems. If an applicant is denied entry to Korea because of personal history which they did not disclose to the May 18 Memorial Foundation, the foundation will absolutely not cover their travel expenses. This is the applicant’s responsibility.



If an applicant later decides not to come to the folk school (cancels their application) after they have been selected, the May Memorial Foundation will not accept any applications from their organization for three years.



The May 18 Memorial Foundation will cover the following expenses:

l Visa fees

l International airfare to Korea

l Transportation in Korea

l NOTE: Internal airfares (in your country) will be covered if you can prove that the flight is necessary



The following expenses will NOT be covered:

l Internal transportation in your country (for example, to the airport or to the embassy)

l Official fees other than visa fees (for example, travel tax)



The selection committee may change your status if they believe you have entered under the wrong category (for example, if you apply as a senior but have less than 15 years experience).

We look forward to your application!

Kind regards

Subash Adhikari
Chloe Simons

International Officers
Culture and Solidarity Team


Addresses:
The May 18 Memorial Foundation
5.18 Memorial Culture Hall
Seo-Gu, Sangmudong 1268
Postcode 502-260
Gwangju, Republic of Korea
Phone: +82 62 456 0518
Fax. +82 62 456 0519
Email: 518org@gmail.com
Website : eng.518.org
Blog: 518solidarity.blogspot.com
518interns.blogspot.com
518folkschool.blogspot.com
themay18.wordpress.com




--
Zaw Moe Aung
177-126 (2 F) Wonmi 2Dong
Wonmi Ku, Puchoen Shi
Kyoungki Do. (420-112)
Republic of Korea
82 10 8894 4770

အောက်မှာ application form ရှိတယ်။ စိတ်ဝင်စားသူတိုင်း လျောက်ထားနိုင်တယ်။

application form 2009 folk school-ext

Sunday, June 21, 2009

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ


၇ရက် ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာ မိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက် က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက် ၀ယ်ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။

သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အများစုမှာ မွန်နှင့် မြန်မာမလေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေးထားကြောင်း၊ ထိုမိန်း ကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင် ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေးများ သည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင်လေ့ရှိကြသည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေများတွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့် ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။

ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက် သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။

ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေး ယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး ကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။

သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။

ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊ အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှ လည်းကောင်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေးတောင်းဆို ပေးကြပါရန် ပန်ကြားအပ် ပါသည်။

စာကြွင်း။ ။ ဒီလို လူမဆန်မှုမျိုးကို မြန်မာ အမျိုးသား တစ်ယောက်အနေ နဲ့သာမက ဘယ်ရှုထောင့် ကပဲကြည့်ကြည့် အရမ်းကို စက်ဆုပ်ရွံရှာ ဖို့ကောင်းပါတယ် ထိုင်းလူမျိုးတွေက မြန်မာဆိုရင်သူတို့ရင်ထဲမှာ ညှိုးရမှာလို့တရားသေတွက်ထားတာဟာ မကောင်းပါဘူး ထိုင်းအာဏာပိုင် တွေရဲ့ မူးစိမတ်စိ လောက် မက်မောမှုကြောင့် ကြားထဲက ဓားစာခံ ဖြစ်တဲ့ တို့မြန်မာလူမျိုးတွေကို ကိုယ်ချင်းစာပါတယ် မိမိတတ်နိုင်တဲ့ ဘက်ကတတ်အားသမျှ ကူညီပေးပါ့မယ် အပေါင်းအသင်းများလည်း အခုချိန်လောက်ဆို ဖတ်ပြီးကြရောပေါ့ တတ်အားသမျှလေး fordward လုပ်ပေးကြပါ

ကျေးဇူးအထူးတင်ပါသည်။

နှမသားချင်း စာနာသူများဒီ mail ကို နီးစပ်ရာ မြန်မြန် လေး fordward လုပ်ပေးကြပါ။

မှတ်ချက်။ ဒါလည်း forward mail လေးပါပဲ။ ဒါပေမယ့် ကျမတို့မြန်မာပြည်သားတယောက်အနေနဲ့ သိသင့် တယ်ထင်လို့ ပြီးတော့ တိုင်းတပါးရောက် မြန်မာအမျိုးသမီးများရဲ့ ဘ၀ကို ပိုမိုစာနာနားလည်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဒီမှာတင်လိုက်တာပါ။

Monday, June 15, 2009

Letter to Karen around the world

letter to karen a round the world

Thursday, June 11, 2009

2009 English-Myanmar Calendar

2009 english-myanmar calendar_classic poems

Wednesday, June 10, 2009

KNU Statement

knu statement regarding dkba in burmese _8-6-09_

Tuesday, June 9, 2009

Karen Womenhood

"Her office there to rear, to teach,
Becoming as is meet and fit
A link among the days, to knit
The generations each with each."
Tennyson.

IT has truly been said "The hand that rocks the cradle rules the world." A country or nation which disregards its womanhood could never be counted truly great; whereas a nation that respects its womanhood has invariably proved itself superior to other nations. It is said that at the height of the glory of Rome, the class of people that wielded great power were the Greek women who had the care of Roman homes as well as that of the children, in their education and up-bringing. The Greek women so unostentatiously did their work that the public at large were not aware of it. Karen women, with their simple ways, their gentle and modest manner, have won the respect and admiration not only of their own people but also of the people of other nationalities who have known and observed them.

Co-education has been a great success among the Karens. It has been proved to be such for the past fifty years or more. At a meeting of a well-educated and talented group of Burmans, a Burmese lady made the following remark: "I have attended a Christian Karen co-educational school as well as a Burmese Girl's school, and my candid opinion is that co-education among the Karens will always be a success, while among the Burmese it always is bound to be a failure. There is something in the nature of the Burmese boys and girls that will never be compatible with co-education. I am Burmese and am fully aware of what I have siad."

In educational as well as in religious matters Karen women have taken a prominent part. They love English music, and have the ability to learn, with facility, simple as well as difficult music. On the 10th March, 1927, the Bassein-Myaungmya Karen Women's Association held a meeting at Bassein. The Christian women of Bassein-Myaungmya and other districts were present. It was the fiftieth anniversary of the Association and the munber of women present was estimated to be about four thousand. The programme consisted of a musical concert and several addresses of welcome by wives of prominent pastors and elders. Their speeches were thrilling and inspiring. The musical entertainment was very enjoyable, and the catering was efficciently conducted in spite of the large number of guests. One woman proudly declared that they had not in vain striven to show the people that man's aid was not absolutely essential to women. General acquiescence was given to her statement because her boast had been amply justified.

Karen girls are homely and motherly, and thus European ladies highly appreciate them as baby nurses and housekeepers. Being patient and gentle, they make efficient sick-nurses and midwives whose services are highly appreciated by the Burmese as well as other nationalities. Those who in their illness have entrusted their lives to the care of these nurses have always thought of them with gratitude. While they are a great asset to the nation, Karen nurses present some really difficult problems. Some of them are mere girls - unsophisticated as to the ways of this world. They are simple and uninitiated in the evils of the world. Some years have elapsed since Karen girls first took up this profession of a nurse. Each succeeding year sees an increase in the number of applications for joining the hospitals-Dufferin and General-and now nursing has become a fashionable rage. Girls hailing from all classes have become nurses, and I am certain that in Burma there are more nurses to be found among the Karen than in any other single race of the country. We cannot stem the tide, but we should see that every provision is made for their protection.

It is gratifying to note that at Rangoon there is a Burmese and Karen branch of the Y.W.C.A which attempts to bring the nurses together and provides for their physical and religious needs. It was started and led well on its way by Mrs. Nellie Yaba-Min, and is now in the charge of Tharamu Naw E Kyaing, of Rangoon. A nurse's remuneration is good, but the hardship that she is called upon to endure! A doctor diagnoses his case, writes a prescription and then leaves the patient to the long-suffering nurse, who has to satisfy every little need of the patient-no matter how fastidious such may be. Members of so noble a profession are deserving of respect and kindness to make their hard lot easier both physically and morally. Temptations beset them on all sides, and only the initiated are aware of the nature of the evils.

Westerners have frequently associated Burma with her "delightful women." I do not pretend to include Karen women in this category. They are usually too timid or unobtrusive to attract notice. But, however unostentatious they may appear in a gaily plumaged throng of Burmese women, in their own homes they are the delight of their children. There are at present a number of Karen woman graduates, and the number is steadily increasing. A photograph showing Judson College with its faculty members and Karen college boys and girls appears facing page 54.

Karen women are generally hardy-possessing an enviable physique. In the districts women have been as successful in cultivation as the men. They plough, sow and reap with comparative ease, and a farmer's life is not too strenuous for them. Though timid and shy in society, Karen women have displayed wonderful courage in the face of real danger. At a certain village a Karen woman whose house was raided by a number of dacoits stood behind the door, armed with a dah, and hacked at the intruders one by one as they made their exit. This feat-worthy of an Ali Baba,--was performed single-handed by a Karen woman!

Many Karen girls have chosen teaching as their vocation in life. The life of a school teacher is a very trying one. Our Karen women have contributed a great deal towards educational progress in Karendom. In music they teach the village children the rudiments of the tonic-sol-fa system--preparing them for the larger city schools. Some people have remarked favourably on the muscal tendency of Karens in general. We dare not, as yet, hope for a Patti, a Melba, or a Clara Butt, but then our nation is not yet sufficiently westernised.

In a Karen family the husband and wife are on an equal footing. They strive to aid each other--the husband is not the sole arbiter of domestic disputes. The wife is a partner:

"Yet child-simple, undefiled,
Frank, obedient----waiting
On the turnings of your will."

Our women may not yet have attained the ideal of womanhood as set forth by Ruskin in his book Sesame and Lilies, but it is our fervent hope that they are making effective strides towards it. Adam echoes our sentiments when he say:

"God! I render back
Strong benediction and perpetual praise
. . . . . . . .
That Thou, in striking my benumbed hands
. . . . . . . .
Has left this well-beloved Eve, this life
Within life, this best gift between their palms,
In graclous compensation!"


Reference: Dr. San C.Po, C.B.E., Burma and the Karens, Chapter VIII, pg 54-57, 1928

Sunday, June 7, 2009

Karen New Year 2007 in the Philippines

Saturday, June 6, 2009

Karen New Year 2008 in the Philippines

Friday, June 5, 2009

ဗမာ့ တန်ဖိုး

မနေ့က အွန်လိုင်းပေါ်မှာ မလေးရှားက မိတ်ဆွေတစ်ယောက်နှင့် တွေ့လို့ စကားပြောဖြစ်ခဲ့ကြပါသည်။ဘယ်ဈေး ပေါက်နေလဲ ဟုမေးကြည့်ရာ ရောင်းဈေး ၃၀၀၊ ပြန်တက် ၂၂၀၀၀၊ တစ်ဆင့်ပြန်ရောင်း ၄၀၀၀၀ လို့ ဆိုပါတယ်။ ကျနော်တို့ပြောနေကြတာ ကုန်ပစ္စည်း ဈေးနှုန်းမဟုတ်ပါ။ မလေးရှား နှင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူကုန်ကူးမှု ဈေး ကွက် (Market of Human Trafficking) မှာ ဗမာတစ်ယောက် ရဲ့တန်ဖိုး (တစ်နည်းအားဖြင့်) ဗမာတစ် ယောက်၏ ပေါက်ဈေးဖြစ်ပါသည်။

ကျနော့်မိတ်ဆွေမှာ လူပွဲစားတစ်ယောက် မဟုတ်ပါ။ သူက မလေးရှား နိုင်ငံတွင် နေလာခဲ့သည်မှာ ၁၃နှစ်ကျော် ပြီ။ မလေးစကားကိုလည်း ကောင်းကောင်းပြောနိုင်သည်။ သူနှင့် ကျနော် ကွာလာလမ်ပူရှိ လူမှုရေးအဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်စဉ်ကသိကျွမ်းခဲ့ကြသည်။ ထိုစဉ်က သူလုပ်နေသော အလုပ် အလုံးစုံကို ကျနော်မသိခဲ့ပါ။
နောင်အခါ ကျနော် နေစရာ အခက်အခဲဖြစ်သောအခါတွင် သူ့အိမ်တွင်လိုက်နေမှ သူလုပ်နေသည့်အလုပ်ကို ကောင်းကောင်းသိခဲ့ရသည်။

(ဤနေရာတွင် မလေးရှား နိုင်ငံရှိ တရားမ၀င် ဗမာအလုပ်သမားများအကြောင်းကို အကျယ်တ၀င့်ရေးမနေတော့ ပါ။ သတင်းဌာန အတော်များ များတွင် အခြားသူများလည်း ရေးနှင့်ခဲ့ပြီးသောကြောင့်ဖြစ်ပါသည်။)

ကျနော့်မိတ်ဆွေသည် မလေးရှားရှိ သူနှင့် နီးစပ်သော တရားမ၀င်အလုပ်သမားများ (သို့မဟုတ်) အခြားအလုပ် သမား တစ်ယောက်ယောက် အလုပ်မရှိလျှင် သော်လည်းကောင်း၊ ရဲအဖမ်းခံရလျှင် သော်လည်းကောင်း၊ သူဋ္ဌေး ညစ်လျှင်သော်လည်းကောင်း လိုက်လံပြီး ဖြေရှင်းပေးပါသည်။ အကယ်၍ အလုပ်သမားတစ်ဦးဦး ထောင်ကျ၍ ထိုင်းနယ်စပ်ရှိ ပွဲစားများထံ ရောင်းစားခံရသောအခါ၊ ထိုအလုပ်သမားက ဗမာပြည်သို့ မပြန်ဘဲ ကွာလာလမ်ပူသို့ ပြန်တက် လာချင်သောအခါ ကျနော့်မိတ်ဆွေက သူတတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးသည့် အလုပ်ကို လုပ်ပါ သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ Volunteer အလုပ်ဟု ဆိုရမည်။ တစ်ခါတစ်ရံ ကိုယ့်အိပ်ထဲက စိုက်ကုန်ရ သည်များလည်း ရှိသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားတစ်ယောက်အဖမ်း ခံရသည်ဆိုပါစို့။ ပထမဦးစွာ ရဲက ထိုအလုပ် သမားအား ရဲစခန်းတွင် ထွက်ဆိုချက်ပေးရန် မေးခွန်းများ စစ်ဆေးမေးမြန်းခြင်းခံရမည်။ အကယ်၍ တရားရုံး တင်၍ စွပ်စွဲစစ်ဆေးမေးမြန်းခြင်းခံခဲ့ရလျှင်၊ အဆိုပါ အလုပ်သမားထွက်ဆိုသည့်အရာများကို သက်သေအဖြစ် ယူဆနိုင်သည်။ အကယ်၍ ထိုအလုပ်သမား အား ရဲက ရက်ပေါင်း (၁၄) ရက်ထက် ကျော်ပြီး ချုပ်ထားလိုပါက၊ သူတို့သည် တရားရုံး (အောက်ရုံးရှိ) တရားသူကြီးထံမှ ခွင့်ပြုချက် ရယူရပါမည်။ ရဲစခန်းတွင် ထိမ်းသိမ်းခံနေရစဉ် အတွင်းထိုအလုပ်သမားအတွက် ဖြစ်နိုင်ခြေသုံးခုမှာ (ငွေကြေးနှင့်ဖြေရှင်း၍ရလျှင်) ရဲက လွှတ်ပေးမည်၊ ဒုတိယ တစ်ခုမှာ (ငွေကြေးနှင့် ဖြေရှင်း၍ မရလျှင်) တရားရုံးတင်၍ စစ်ဆေးမည်။ နောက်ဆုံးတစ်ခုမှာ လ၀ကထိန်းသိမ်း ရေးစခန်း (immigration camp) ထဲသို့ ပို့မည်။

အကယ်၍ တရားမ၀င်အလုပ်သမား တစ်ဦးအား ရုံးတင်စစ်ဆေးခဲ့သော်……..

တရားရုံး (အောက်ရုံး၌) UNHCR (သို့) လူမှုရေးအဖွဲ့အစည်းတစ်ခုခုသို့ အကြောင်းကြားရမည်။ (မှတ်ချက်။ ။ မြန်မာသံရုံးမပါ။) UNHCR နှင့် အဖမ်းဆီးခံရသူ၏ အသိမိတ်ဆွေအသိုင်းအ၀ိုင်းကို ဆက်သွယ်၍ မရခဲ့လျှင် အောက်တရားသူကြီးရုံးအား UNHCRရုံးသို့ ဆက်သွယ်ဖို့ရန် ခွင့်တောင်းရမည်။ မိမိအား ကူညီပေးမည့် ရှေ့နေ တစ်ဦးဦးကို ဥပဒေအကျိုးတော်ဆောင် ဋ္ဌာနတွင် အကူအညီတောင်းခံမည်။ မလေးဘာသာစကားကို နားမ လည်လျှင် စကားပြန် တစ်ယောက်ကို အကူအညီတောင်းခံမည်။ မိမိသည် မိသားစုကို ကြည့်ရှုသူဖြစ်ကြောင်း၊ ငွေကြေးအခက်အခဲ နှင့် ကျန်းမာရေးအခြေအနေများကို တရားသူကြီးထံပြောပြရမည်။ မိမိ၏ ရပိုင်ခွင့်နှင့်အခွင့် အရေး ကို ကာကွယ်ရန် တရားသူကြီးတွင် တာဝန်ရှိသည်ဆိုသည်ကို သိထားရမည်။ အကယ်၍ တရားရုံးက မိမိသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရလျှင် (မည်သည့်အခြေအနေဖြစ်နေပါစေ) မှားပါသည် ဟု (ထိုကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေသည့် စကားဖြင့်) ၀န်မခံသင့်ပါ။ တရားရုံးတွင် စွဲချက်တင် ခြင်းခံရသည့် အမှုနံပါတ်နှင့် ဖြစ်နိုင်ပါက စွဲချက်မိတ္တူကို တောင်းယူရမည်။ နောက်ဆုံး စီရင်ချက် ချမှတ်လျှင် ထောင်ဒဏ် (သို့) ငွေဒဏ် (သို့) ကြိမ်ဒဏ် တစ်ခုခု ဖြစ်နိုင်သည်။ စီရင်ချက်ချ မှတ်လျှင် စီရင်ချက်ကို အသနား ခံရမည်။ ကြိမ်ဒဏ်မပေးရန်တောင်းဆိုရမည်။

အထက်ပါ ဖော်ပြချက်မှာ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးခံရသည့် တရားမ၀င် အလုပ်သမားတစ်ယောက် သိထားရမည့်အချက်များ ဖြစ်ပါသည်။ ထို့နောက် စီရင်ချက်သည် ထောင်ဒဏ်ဖြစ်သည် ဆိုပါစို့။ ထိုအလုပ်သ မားသည် ထောင်ထဲတွင် တစ်လ မှ လေးလ လောက်အထိ ဖမ်းဆီးထိန်းသိမ်းခံရမည်။ ထိုအတောအတွင်း ထို အလုပ်သမားအား ထောင်အာဏာပိုင်များက ထိုင်းနယ်စပ်တွင် သွားရောက်စွန့်ပစ်ခံရန် လက်ခံနိုင်၊ လက်မခံနိုင် ကို မေးမည်။ ထိုအခါ ထောင်တွင်းတွင် အစာရေစာ ၀၀ လင်လင် မစားရ၍ သော်လည်းကောင်း၊ ထောင်ထဲရှိ
အခြား နိုင်ငံသားများ (အင်ဒိုနီးရှား နှင့် ဘင်္ဂလား ကုလားများ) ၏ အနိုင်ကျင့် ထိုးကြိတ်ခြင်းကို မခံနိုင်ကြ၍သော် လည်းကောင်း၊ စွန့်ပစ်မည့် အစီအစဉ်ကို လက်ခံကြ သည့်သူများသည် ရောင်းစားခြင်းကို ခံကြရသည်။ တစ် နည်းအားဖြင့် ဆိုသော် လူကုန်ကူးခြင်းကို ခံကြရသည်။ စွန့်ပစ်ဖို့ လက်မခံသူများသည် ထောင်ထဲတွင် UNHCR
မှ အရာရှိများ လာရောက် ကယ်ထုတ်နိုင်မည့် နေ့ကို စောင့်ရင်း နှစ်ပေါင်းများစွာ ထောင်ထဲ၌ပင် ဒုက္ခဆက်လက် ခံကြရသည်။ ယခင်က UN မှ အရာရှိများက ထောင်သားများကို လာရောက်ပြီး ကယ်တင်၊ ထုတ်ယူခွင့်ရှိသော် လည်း၊ ယခုတွင် UNHCR အား မလေးအာဏာပိုင်များက ထောင်းတွင်းသို့ သွားရောက်လည်ပတ်ခွင့် မပေး တော့ပါ။ မိမိတွင် ထောင်ဝင်စာ လာတွေ့မည့်သူရှိလျှင် အနည်းဆုံး တစ်လ တစ်ခါတော့ အူစို (ဖွယ်ဖွယ်ရာရာ လေး စားကြရသည်) ကြရသည်။

ဗမာ ကျွန် သမိုင်းအစ

၁၉၉၅/၉၆ လောက်ကဖြစ်သည်။ မလေးရှား နိုင်ငံတွင် ဗမာအလုပ်သမားများ ဗီဇာသက်တမ်းကျော်ပြီး စတင် နေထိုင်စ ကာလ ကဖြစ်သည်။ မလေးအစိုးရက ဗမာနိုင်ငံသားတွေ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင် သည့် ကိစ္စနှင့် ပက်သက်၍ ဗမာအစိုးရကို ဆွေးနွေးရာ၊ ဗမာအစိုးရက မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်နေသော ဗမာများသည် ဗမာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်နေသော ပြည်ပြေးများသာဖြစ်ကြောင်း၊ ထို့ကြောင့် ဗမာ အစိုးရတွင် တာဝန်မရှိကြောင်း ငြင်းလိုက်သည့်အတွက်၊ ထိုအချိန်ကစပြီး မလေးရဲတွေက ဗမာတွေကို ဖမ်းမိသည့်အခါ ထိုင်း-မလေးရှား နယ်စပ်တွင် သွားလွှင့်ပစ်ပါတော့သည်။ ၉၉/၂၀၀၀ လောက်က စပြီး၊ မလေးရဲတွေက ဖမ်းမိတဲ့ ဗမာတွေကို ထိုင်းရဲလက်ထဲကို အပ်ပါသည်။ ထိုင်းရဲတွေက တစ်ဆင့် ထိုဗမာ များကို ရနောင်း ဘက်တွင် သွားလွှင့်ပစ်ပါသည်။ တရားမ၀င် ဗမာအလုပ်သမား စွန့်ပစ်ရေးကိစ္စနှင့် ပက်သက်ပြီး မလေးအာဏာပိုင်များ နှင့် ထိုင်းအာဏာပိုင်တို့အကြား သဘောထား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း
မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ကို သွားပစ်ပါသည်။ အဲဒီ နောက်ပိုင်း ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းက စပြီး မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ရှိ ပွဲစားတွေလက်ထဲကို ရောင်းပါတော့သည်။ ထို အချိန်မှ စပြီး၊ ထိုင်း နှင့် မလေး နယ်စပ်တို့တွင် လူကုန်ကူးမှုသည် တစ်စတစ်ခု ကြီးထွားလာကာ ဗမာကျွန်ရောင်းဝယ်ရေး စနစ် သည်လည်း အသက်ဝင်လာခဲ့သည်။

မိမိအား ထိုင်း - မလေးရှား နယ်စပ်တွင် စွန့်ပစ်ရန် သဘောတူကြသည့်သူများကို မလေးရဲက ထိုင်းနယ်စပ်တွင်ရှိ သော ထိုင်း ပွဲစားများထံ မလေးရင်းဂစ် ၃၀၀ နှင့် ရောင်းစားသည်။ ထို ထိုင်းပွဲစားများ လက်အောက်တွင် ဗမာ အပါအ၀င်၊ တိုင်းရင်းသား ပွဲစားများက ဝေစား၊ မျှစား စနစ်ဖြင့် လူပွဲစားအလုပ်ကို လုပ်ကြသည်။ ထိုပွဲစားများ လက်ထဲသို့ရောက်သွားပါက ရွေးချယ်ရန် လမ်းနှစ်လမ်းထဲမှ တစ်လမ်းကို ရွေးနိုင်သည်။ ပထမ တစ်ခုမှာ ဗမာ ပြည်ကို ပြန်မလား၊ သို့မဟုတ်၊ ကွာလာလမ်ပူသို့ ပြန်တက်မလား။ ဗမာပြည်သို့ ပြန်မည်ဆိုလျှင် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ရန် ဗမာပြည်ရှိ မိမိ၏ မိသားစု (သို့မဟုတ်) ဆွေမျိုးများအား ပွဲစားက အကြောင်းကြားပေးမည်။ ကွာလာလမ်ပူသို့ ပြန်တက်မည်ဆိုလျှင် မိမိအား ပွဲစားလက်ထဲမှ ထိုင်းဘတ် ၂၂၀၀၀ နှင့် ၀ယ်ရန် မလေးရှိ မိမိ၏ မိတ်ဆွေ တစ်ဦးဦးအား ပွဲစားက ဆက်သွယ်ပေးမည်။ ပိုက်ဆံလွှဲရန် ၄င်း၏ ဘဏ်စာရင်း နံပါတ်အားပေးလိုက် မည်။ ၂၂၀၀၀ ရပါက ပွဲစားက မိမိအား အခြားပွဲစား တစ်ဦးဦးလက်သို့ အပ်ကာ ကွာလာလမ်ပူ အထိအရောက် ပို့ပေးမည်။ ယခင်က ကွာလာလမ်ပူသို့ ပြန်တက်လျှင် ထိုင်းဘတ် ၁၅၀၀၀ ပေးရသော်လည်း၊ ယခုအခါ ဘတ် ၂၂၀၀၀ အထိ ပေးကြရကြောင်း၊ ရောင်းစားခံခဲ့ကြရသော ဗမာအလုပ်သမားများ ထံမှ သိရသည်။ ထိုလမ်း ကြောင်း နှစ်ခု ထဲမှ တစ်ခုခုအား ရွေးချယ်ရန် ပွဲစားက ရက်အနည်းငယ် အချိန်ပေးမည်။ သို့သော် မိမိအား ၄င်းလက်ထဲတွင် ကြာကြာထားမည်မဟုတ်။ ရက် အကန့်အသက်ဖြင့်သာ။ ထိုရက်ကျော်သွားပါက ထိုင်း
နိုင်ငံတွင်းရှိ ရာဘာခြံတစ်ခုခု သို့ ဗမာတစ်ယောက် ကို ကျွန်အဖြစ် ထိုင်းဘတ် ၄၀၀၀၀ ဖြင့် ရောင်းစားမည်။

ကွာလာလမ်ပူသို့ ပြန်တက်မည့်သူများသည် ထောင်တွင်း၌ရှိနေစဉ်ကတည်းက မိမိအား စွန့်ပစ်ရန် သဘောတူ ညီပြီးသော်၊ မိမိမိတ်ဆွေမှ နောက်တစ်ကြိမ်ထောင်ဝင်စာ လာတွေ့ပါက မိမိအနေဖြင့် မည်သည့်နေ့၊ မည်သည့် ရက်တွင် မလေးနယ်စပ်သို့စွန့်ပစ် (ရောင်းစား) ခံရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပွဲစားလက်ထဲမှ မိမိအား
ပြန်ဝယ်ပေးပါရန်၊ မိမိမိတ်ဆွေတွင် ငွေကြေးအလုံအလောက်မရှိပါက စုပေါင်း စပ်ပေါင်း ချေးငှားပြီး မဖြစ်ဖြစ် သည့်နည်းနှင့် ၀ယ်ပေးပါရန် ပြောရတော့သည်။ ထိုအခါ သူ့အလှည့်၊ ကိုယ့်အလှည့် ဆိုတာ ရှိသည့်အတွက် ကြောင့် အလုပ်လုပ်နေသော (အဖမ်းဆီးမခံရသေးသော၊ မိမိတို့လည်း တရားမ၀င် အလုပ်လုပ်နေကြရသော) အလုပ်သမားများက စာနာထောက်ထားစွာ ၀ိုင်းဝန်းကူညီကြသည်။ သို့သော် အချို့က ကူညီချင်သော်လည်း
အလုပ်အကိုင်က အဆင်မပြေ (ယခု အချိန်အခါမျိုးသည် အဆိုးဆုံးအခြေအနေဖြစ်ပါသည်)။ ထိုအခါမျိုးတွင် ရော်ဘာခြံသို့ ဘတ်လေးသောင်း ဖြင့် ရောင်းစားခံကြရသည်။

ရာဘာခြံသို့ရောက်သော် ထိုင်းသူဋ္ဌေးက မျက်နှာသာမပေး။ ရာဘာခြံမှ ထိုင်းအလုပ်သမားများက မကျေနပ်။ အဘယ်ကြောင့်ဆိုသော် (ရောင်းစားခြင်းမခံရသော) သာမန် အလုပ်သမားတစ်ယောက် ရာဘာခြံတွင် အလုပ် ရပါက ထိုအနေရာတွင်ပင် အလုပ်အကိုင် အခြေတကျဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။ ၀င်ငွေလည်းမှန်သည်။ ထိုအခါ အခြားသူများလည်း အလုပ်လာလျှောက်ချင်ကြသည်။ သို့သော် ရာဘာခြံ တစ်ခြံမှာ ရာဘာခြစ်သည့် အလုပ်ရရန်မှာ မလွယ်ကူပါ။ အလုပ်ရလျှင်လည်း နှစ် နှင့်ချီပြီး စားပေဦးတော့။ ထိုအခါ ထိုင်းနိုင်ငံတွင် ရာဘာခြံများ၌ ထိုင်းအလုပ်သမားများအကြား၊ ဗမာ အလုပ်သမားများအကြား၊ ထိုင်း နှင့်
ဗမာအလုပ်သမားများအကြား ခြံလုသော ပြဿနာ ကြီးထွားလာသည်။ မိမိရာဘာ ခြစ်သည့် ခြံအတွင်း ရာဘာ စေးခံသည့် ခွက်ထဲ၌ သေနတ်ကျည်တစ်တောင့် လာထည့်ထားသည်ကို တွေ့ပါကပြေးပေတော့။ သို့မဟုတ်ပါက မကြာမီ အသတ်ခံရမည်။ ရာဘာခြံ အလုပ်သမားများသည် ရာဘာခြစ်ရန် မနက် ၂ နာရီ၊ ၃ နာရီ ထပြီး ခြစ်ကြ ရသည်။ ရာဘာစေး က အေးသည့်အချိန်တွင် ထွက်သည့်အတွက်ကြောင့်ဖြစ်သည်။ မနက် မိုးလင်းလျှင် ရာဘာစေးက သိပ်မထွက်တော့။

မနက်စောစောစီးစီး အလင်းရောင်က မလာသေး။ မိမိတွင်ပါလာသော မှိန်ဖျဖျ မီးအိမ်ကလေးဖြင့် တစ်ယောက်တစ်နေရာတွင် နေရာခွဲပြီး ရာဘာခြစ်ကြရသည်။ တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ ထိုအ ချိန်မျိုးတွင် ရာဘာခြံတွင်း လူသတ်မှု အဖြစ်များသည်။ မနက်မိုးလင်းသော် မိမိအဖော် ပါမလာ၍ ဟိုရှာ၊ သည်ရှာ၊
ရှာတော့မှ အလောင်းကို ချောင်းစပ်၊ မြောင်းစပ်တွင် သွားပစ်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် အခေါက်က ကျနော် ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်ဆီ ထမရတ်ခရိုင်၊ နာဘွန်မြို့က ဗမာအလုပ်သမား များ နေထိုင်ရာ ရာဘာတော သို့ အလည်သွားခဲ့စဉ်က၊ ကျနော် ထိုနေရာသို့ မရောက်မီ တစ်ပတ်အလိုတွင် အလားတူ လူသတ်မှုတစ်ခု ဖြစ်ခဲ့သည်ကိုကျနော်နှင့် အတူနေခဲ့သူ ရာဘာခြံအလုပ်သမားတစ်ဦးကပြောပြ၍
သိခဲ့ရသည်။ ထိုအခါ အထက်တွင်ရေးခဲ့သလိုမျိုး ရောင်းစားခံထားရသော ဗမာ အလုပ်သမားတစ်ယောက်
(ဗမာကျွန်တစ်ယောက်)က မိမိအလုပ်လုပ်နေ သော ရာဘာခြံအတွင်း ရာဘာစေးခွက်ထဲ၌ ကျည်ဆန်တစ် တောင့် ကိုတွေ့၍ ထွက်မပြေးခဲ့သော်၊ အသက်အန္တရာယ် အတွက် စိုးရိမ်ရသည်။ ထွက်ပြေးခဲ့သော် ငွေဝယ်ကျွန် ဖြစ်သည့်အတွက် သူဋ္ဌေးက ရန်ရှာမည်။ ရွေးစရာ လမ်းမရှိ၊ ပြေးစရာ မြေမရှိ။ ခေတ်သစ် ကျွန်ပိုင်ရှင်စနစ် မှ ဗမာကျွန်များ၏ ဘ၀က ဆိုးဝါးလှသည်။

ကျွန် ချင်းတူသော်လည်း တန်ဖိုးချင်းမတူ

အောက်မှာ ဖော်ပြထားတဲ့ သတင်းစာ အပိုင်းအစလေး ကို ဖတ်ကြည့်စေချင်ပါသည်။ ကျနော် မလေး မှာ ရှိစဉ် တုန်းက ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် New Straits Times သတင်းစာထဲမှာ ဖော်ပြထားတဲ့ သတင်း လေးတစ်ပုဒ်ပါ။ တစ်နေ့ ဒီဆောင်းပါးကို ရေးမယ်လို့ စိတ်ကူးထားသည့်အတွက် အဲဒီ သတင်းလေးကို ဖြတ်ပြီး သိမ်းထားခဲ့တာပါ။ အောက်မှာ သတင်းကို ဘာသာပြန်ပေးထားပါတယ်။


ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယို ရဲ့ သူသားချင်း စာနာမှု ပြယုဂ်

ဆော်ဒီ အာရေဗီးယား နိုင်ငံကနေ သေဒဏ်ပေးထားခံရခြင်းမှ လွတ်မြောက်လာသူ ဖိလစ်ပိုင် အိမ်ဖော် ဆာရာ ဒီမတ်ထရာ (ပုံ - ညာ) ကို ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယိုက မနေ့က (၁၀.၅.၂၀၀၇) မနီလာရှိ မာလကန်နန် သမ္မတနန်းတော်မှာ ဆော်ဒီ အစိုးရထံမှ လွှဲပြောင်း လက်ခံယူလိုက်ပါတယ်။ ဆော်ရီအာရေဗီးယား နိုင်ငံတွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ ဆာရာဟာ ၁၉၉၂ ခုနှစ်က သူမရဲ့ အလုပ်ရှင် သူဋ္ဌေးအမျိုးသမီးကို
တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့အတွက် သေဒဏ်ပေးထားခြင်းခံရပြီး၊ ထောင်ထဲမှာလည်း ၁၅ နှစ်ကြာချုပ်နှောင်ထားခြင်း ခံရပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာ သူမ (ဒီမတ်ထရာ) မှာ လေးနှစ်အရွယ် သမီးလေးရှိပါတယ်။ ဆော်ဒီ အာရေဗီးယား နိုင်ငံရဲ့ ဥပဒေအရ ကလေးဖြစ်သူ အသက်၁၈ နှစ် မပြည့်ခင်မှာ မိခင်ဖြစ်သူကို သေဒဏ်ပေးခွင့်
မရှိသေးပါဘူး။ အာရိုယိုဟာ ဆော်ဒီ ဘုရင် အဗ္ဗဒူလာ နဲ့ ပြီးခဲ့တဲ့နှစ် (၂၀၀၆) မေလမှာ တွေ့ဆုံပြီး၊ ဆော်ဒီအာ ရေဗီးယားနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုဟာ သေဒဏ်ချ ထားခြင်းခံရသူ ဒီမတ်ထရာ အတွက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုတစ်ခု ဖြစ်ခဲ့ပါတယ်။

အသတ်ခံရသူ သူဋ္ဌေးမ မိသားစုက ဖိလစ်ပိုင်အစိုးရအား တရားခံ ဒီမတ်ထရာ ရဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းပေးဖို့ ဆိုရင် ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်း (မလေးငွေ ရင်းဂစ် ၃.၄ သန်း) ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ် ပိုင်အစိုးရနဲ့ ငွေကြေးလှူဒါန်းမည့်သူအချို့က ထိုအချက်ကို သဘောတူညီပြီး လူ့အသက်တစ်ချောင်း ကယ်တင် ရေးလှူဒါန်းငွေတစ်ရပ်အနေနဲ့ တရားလို မိသားစုကို ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်းကို ပေးလိုက်ပါတယ်။ ထိုလှူ ဒါန်း ငွေ ၄၈ သန်းထဲက ပီဆို ၈ သန်းကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေက စုပေါင်း လှူဒါန်း တာဖြစ်ပြီး၊ ပီဆို တစ်သန်းကို အရှေ့အလယ်ပိုင်း နိုင်ငံတွေကလှူဒါန်းတာဖြစ်ပါတယ်။ သမ္မတာ အာရိုယို ရဲ့ ဆော်ဒီ ခရီးစဉ် အပြီးမှာ၊ ဆော်ဒီအာရေဗီးယား နိုင်ငံက ဖိလစ်ပိုင်အလုပ်သမား တစ်ထောင်ကို သူတို့ရဲ့ အလုပ်ရှင်တွေက အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာ တွေကြောင့် ဖိလစ်ပိုင် နိုင်ငံကို ပြန်ပို့ပြီးဖြစ် တယ်လို့ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာန က အတွင်းရေးမှူးဖြစ်သူ အာတူရို ဘရီယွန် က မကြာသေးမီက ပြောပြခဲ့ပါတယ်။

အထက်ဖော်ပြပါ သတင်းကို ဖတ်ကြည့်လျှင် တိုင်းပြည်အုပ်ချုပ်သူရဲ့ မိမိ လူမျိုးအပေါ် (အိမ်ဖော်ပင် ဖြစ်လင့်က စား) လူလူချင်း တန်ဖိုးထားတယ် ဆိုတာပေါ်လွင်နေပါတယ်။ နောက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ် ကိုလည်း တွေ့ရမှာပါ။ ဒီမတ်ထရာ ဆိုသူ အိမ်ဖော်ရဲ့ တန်ဖိုး နဲ့ ထိုင်း - မလေးနယ်စပ်မှာ ရောင်းစားခံနေရတဲ့ ဗမာကျွန်တွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကွာခြားသလဲဆိုတာအခြေအနေနှစ်ရပ်နဲ့ နှိုင်းယှဉ်ပြခဲ့ပါပြီ။

ကျွန် ဆိုရာ၌ စိတ်ပိုင်းဆိုင်ရာ ကျွန် နှင့် အခြေအနေအရ ကျွန်ဟူ၍ နှစ်မျိုး နှစ်စား ခွဲပြီးပြောချင်ပါသည်။ အထက် ဖော်ပြပါ ကျွန်အမျိုးအစားမှာ မိမိ၏ စားဝတ်နေရေးအခြေအနေအရ သူများထံတွင် ကျွန်ခံပြီး အလုပ်လုပ်နေရ သော သူများသာ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျွန်ဆိုသည်မှာ မိမိလူမျိုးအချင်းချင်း ဖိနှိပ်၊ ညှဉ်းဆဲသူ။ လွတ် မြောက်နိုင်သည့် လမ်းကြောင်း ကို မရှာဖွေချင်သူ။ မရှာဖွေသူ။ တစ်နေရာထဲတွင် မှီခိုကာ လွတ်မြောက်ရေးလမ်း ကို မရှာဖွေသူသည်လည်း စိတ်ဓာတ်ရေးရာအားဖြင့် ကျွန်စိတ်ဓာတ်ဟု ဆိုချင်ပါသည်။ ရှင်းရှင်း ဆိုရသော်
လွတ်လမ်းမရှာဘဲ မှီခိုချင်သည့် စိတ်ဓာတ်သည် ကျွန်စိတ်ဓာတ်သာလျှင်ဖြစ်သည်။ ဗမာကျွန်ရှိနေသ၍၊ ကိုယ် သည် ဗမာတစ်ယောက် (ဗမာနိုင်ငံဖွား) တစ်ယောက် ဖြစ်နေသ၍ ကိုယ်လည်းဘဲ ကျွန်မျိုး၊ ကျွန်နွယ်ဝင်ဖြစ်နေ မည်။ ထို့ကြောင့် မိမိလူမျိုးအချင်းချင်း စာနာထောက်ထား၍၊ အားလုံးဝိုင်းဝန်း၍ ဗမာကျွန်စနစ်ပပျောက်သွား အောင် ၀ိုင်းဝန်းကြိုးပမ်းကြမှသာ ဗမာကျွန် ဟူသော စကားလည်းပပျောက်သွားမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

ကျော်သိင်္ခ

တစ်လက်စ တည်း ကဗျာ ဆရာ ကောင်းကင်ကို ရဲ့ ကျွန် ကဗျာလေးကိုလည်းဖတ်သွားစေချင်ပါသည်။ ရင်ကို ကိုင်လှုပ်သော ကဗျာတွေထဲက တစ်ပုဒ်ပါ။

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

(ကောင်းကင်ကို)

မှတ်ချက်။ သူငယ်ချင်းတစ်ယောက်ပေးပို့လာလို့ ဖတ်ရင်း ရင်ထဲမှာ တစ်ခုခု ခံစားမိတယ်။ ဒါကြောင့် ဒီမှာတင်ဖြစ်သွားတယ်။ သူများတွေဖတ်မိသွားရအောင်လို့လေ။

To my beloved ICFC 5 friends

Miss You Guys

We all are here as a core
To reach all of our goals
To meet all of our aims
We all have to be trained

As life is not a bed of roses
We all had to be toasted
Most of the time we enjoy and bite
We can call the group that icfc five

As we gave our breathe and sweat
We struggled as much as we had
I believe we all are fine
As much as the way we try

The end of the day in 2005
Sitting GED in a fright
Even though we were fear
After exam, it all disappeared

Never never forget the days
The time we spent on icfc way
To honor and appreciate 24 of us
Lets us unite is a must

Composed by Naw Hser Coo
Dedicated to my beloved ICFC 5 buddies