Saturday, April 18, 2009

ဇင်ဘာလေကမ်းခြေအလှ (ဖိလစ်ပိုင်)



ဖိလစ်ပိုင်နိုင်ငံဟာ ကျွန်းပေါင်း ရ၀၀၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်၊၊ အရှေ့တောင်အာရှ ၁၁ နိုင်ငံထဲက တစ်နိုင်ငံအပါအ၀င်ပါ၊ မနီလာကတော့ လူစုံတဲ့အတွက် ညစ်ပတ်တယ်လို့ ဆိုနိုင်ပါတယ်၊၊ ဒါပေမယ့် မြို့ပြင်ကိုထွက်ကြည့်မယ်ဆိုရင် သာယာလှပတဲ့နေရာ အများကြီးရှိပါတယ်၊၊ ဥပမာ ဇင်ဘာလေကမ်းခြေလို နေရာမျိုးမှာပေါ့၊၊ ကျမသွားလည်တုန်းက အင်မတန်ပျော်ခဲ့ပါတယ်၊၊ လေထုညစ်ညမ်းမှုထူထပ်တဲ့ မနီလာမျိုးနဲ့ ဝေးခဲ့ရလို့ သက်တောင့်သက်သာ ရှိသွားပါတယ်၊၊



မနီလာမှာလူနေထူထပ်မှုနဲ့ ဇင်ဘာလေကတခြားဆီပါ၊၊ ဒီကမ်းခြေက တိတ်ဆိတ်တယ်၊၊ အေးချမ်းတယ်၊၊ လူသံကားသံတွေမကြားရဘူး၊၊ မနက်မိုးလင်းလှိုင်းပုတ်သံကလွဲလို့ ဘာမှဆူဆူညံညံမာကြားရပါဘူး၊၊ ပတ်ဝန်းကျင်က အုန်းခက်အုန်းလက်လေးတွေက သဘာဝအတိုင်း လေခေါ်ယူရာကို ယွဲနွဲ့လှုပ်ရှားနေပါတယ်၊၊ Man made တစ်ခုမှမရှိဘဲ သဘာဝအတိုင်းဖြစ်တည်နေတာလေးကိုက ပိုပြီး ကျမကိုဆွဲဆောင်နေပါတယ်၊၊ ဒေသခံလူတွေကလည်း အင်မတန်မှ ရိုးသားပြီး ဒေသထွက် ခရုခမာလေးတွေကို မိမိရဲ့တတ်သိတဲ့ ပညာနဲ့ ဒီဇိုင်းတီထွင်ဖန်တီးပြီး ရောင်းချနေပါတယ်၊၊ အင်မတန် ချစ်စရာကောင်းတဲ့ စိတ်ထားလေးပါ၊၊ ဘာဖြစ်လို့ကျမဒီလိုမြင်ရတာလဲဆိုရင် မနီလာမှာက ခါးပိုက်နှိုက်၊ သူခိုး နဲ့ လုယက်မှုတွေက တော်တော်ပေါပြီး ကိုယ့်လုပ်အားနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားဖို့အတွက် မစဉ်းစားချင်လို့ပါပဲ။

0 comments: