Thursday, December 17, 2009

ကလေးများကို ချစ်ခင်ကြင်နာပါ

ဘလော့ထဲကို မ၀င်ဖြစ်တာ ကြာခဲ့ပြီ။ ဒီတခါ ခရစ်စမတ် ကျောင်းပိတ်ပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ ဘလော့ကိုတော့ ပြန်ပြီး မွမ်းမံအုံးမှပဲ ဆိုပြီး စဉ်းစားနေမိတယ်။ ဒါနဲ့ ဒီတညနေလုံး သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး စကားပြောဖြစ်ရင်း ဘယ်လိုမှန်းမသိ Fritzl case အကြောင်းကို ရောက်သွားတယ်။ တော်တော်ကြာကြာလေး ပြောဖြစ်တယ်။ အဲဒီလိုပြောရင်း အားမရလို့ google ထဲမှာ တက်ပြီး သူ့အကြောင်းနဲ့ ဓါတ်ပုံလေးတွေ ၀င်ကြည့်နေမိတယ်။ ကြည့်ရင်းနဲ့ပဲ website တစ်ခုပြီး တစ်ခု လျောက်သွားနေမိတယ်။ အဲ.. website တစ်ခု အရောက်မှာ ကျမကို အများကြီး ဆွဲဆောင်သွားတဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်လိုက်ရတယ်။ သီချင်းလေးရဲ့ ခေါင်းစဉ်ကတော့ Please Don't Let Them Hurt Your Children။ ဒီသီချင်းလေး နားထောင်ရင်း မျက်ရည်ကျချင်သလိုလိုတောင် ဖြစ်တယ်။ ရင်ထဲမှာ ဆို့တက်လာတယ်။ လာလည်တဲ့ သူငယ်ချင်းတွေ နားထောင်ရဖို့ ဒီမှာ တင်ထားလိုက်တယ်နော်။ ကဲ သူငယ်ချင်းတို့ရေ ကျမနဲ့ ခံစားချက်ချင်းတူရင်တော့ tissue လေးဆောင်ထားနော်။ မျက်ရည်သုတ်ရအောင်လို့။


0 comments: