Monday, September 21, 2009

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ အစုလိုက်အပြုံလိုက် သားမယားအဖြစ် မတရားပြုကျင့်ခြင်းခံရခြင်း

လွန်ခဲ့သော သီတင်းပတ် အနည်းငယ်အတွင်းက ကြေမွပျက်စီးခဲ့ရသော မြန်မာအမျိုးသမီးများ၏ လုံခြုံမှုနှင့် ခါးသီးလှသော အမျိုးသမီးများအား အစုလိုက် အပြုံ လိုက် မုဒိမ်းကျင့်သော ဖြစ်ရပ်တခု မလေးရှားနိုင်ငံ ဂျိုဟိုး ပြည်နယ်တွင် မယုံကြည် နိုင်လောက်စရာ ဖြစ်ပွားခဲ့ပါသည်။ မလေးရှား နိုင်ငံတွင် နိုင်ငံအသီးသီးမှ ရောက်ရှိပြီး အလုပ်လုပ်ကိုင် နေထိုင်ကြသော မိန်းကလေးများစွာ ရှိနေပါသည်။ သက်ဆိုင်ရာသံရုံးများ ကူညီစောင့်ရှောက်မှု ကြောင့် အခြား လူမျိုးများ၏ ဘ၀မှာ လုံခြုံ စိတ်ချရသော်လည်း မြန်မာ အမျိုးသမီးများ၏ ထိခိုက် နစ်နာမှုများ ကတော့ မယုံနိုင်စရာ ကောင်းလောက်ပင် အောက်ပါ ဖြစ်ရပ်များက သက်သေထူနေပါတော့သည်။

ဖြစ်စဉ်မှာ Taman Putri Wangsa Jalan Istimewa 7. No16 Kilang E.W တွင် အလုပ်လုပ်နေသော မိန်းကလေးများအား အစုလိုက်အပြုံလိုက် မုဒိန်းကျင့်မှုတခု ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ တစောင် ဖြစ်သော STAR သတင်းစာတစောင်ကတော့ အထ မမြောက်ခဲ့သော ကာအိနြေ္ဒပျက်ရုံလောက်သာ ဖြစ်ခဲ့သည့်
မုဒိမ်းကျင်ရန်ကြံစီမှုအဖြစ် ရေးသားဖော်ပြခဲ့သည်။ (The women, who were all in their 20s, were later ordered to strip but his attempt to rape them was unsuccessful and he left soon after. The star link http://news.asiaone.com/News/AsiaOne%2BNews/Crime/Story/A1Story20090911-167164.html

အမှန်တကယ်ဖြစ်ပေါ်ခဲ့ပုံမှာ (၂၈.၈.၀၉) နေ့ မနက် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ထိုနေ့ မတိုင်ခင်ကထဲက မိန်းမများ သီးသန့်နေထိုင်ရာ ထိုအိမ်အနီးသို့ မလေးရှား နိုင်ငံသားမှ ရောက်လာပြီ ဘောင်းဘီဇစ်များ ချွတ်ပြခြင်း၊ မဖွယ်မရာများ ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေးများက သက်ဆိုင်ရာ အေးဂျင့်သို့ တိုင်ကြားရာ မြန်မာ အေးဂျင့် မှ ပြရင်ကြည့်လိုက်ပေါ့ဟု မချေမငံ ပြန်ပြောခဲ့ကြောင်းကို စုံစမ်းသိရှိရပါသည်။

အခင်းဖြစ်သည့် ညတွင် ၎င်းအုပ်စုထဲမှ မလေးနိုင်ငံသား တယောက် အိမ်နောက်ဖေးမှ ဖျက်ဆီး ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ အိမ်ရှေ့တံခါးကို ဖွင့်စေပြီး နောက်ထပ်(၅) ယောက် ၀င်ရောက်လာ ကြပါသည်။ ထိုအိမ်တွင်နေသူများမှာ …မခိုင်ခိုင်မာ၊ မစန်းမြင့်၊ ခိုင်သဇင်၊ ခင်သဲချို၊ မစန္ဒာထွေး၊ မပပလင်း၊ မနုနုလွင်၊ မကေသီစံတို့အပါအ၀င် မြန်မာမိန်းကလေး (၁၀) ယောက်ဖြစ်ပြီး ဒါးများဖြင့် ခြိမ်းခြောက်ခံထားရခြင်းကြောင့် အနီးပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူအညီ မတောင်းနိုင်ခဲ့ကြပါ။

ထိုသူများ အိမ်ပေါ်ရောက်သည်နှင့် မိန်းကလေးအားလုံးစုစည်းစေကာ အ၀တ်အစားများချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားများကို အရင်သိမ်းယူပြီးမှ ၎င်းတို့ကြိုက်နှစ်သက်ရာ မိန်းကလေးများကို ရွေးချယ်၍ အခန်းတခုတည်းထည့်ပြီး အဓမ္မကျင့်ကြံခဲ့ကြသည်။ အဓမ္မကျင့်ကြံခံရသူ မိန်းကလေး(၄)ဦးနှင့် ကျန်မိန်းကလေးများက အော်ဟစ်ကာ ရုန်းရင်းဆန်ခတ် ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးကို ကတ်ကြေးဟုထင်ရသော အသွားချွန်ထက်သော လက်နက်ဖြင့် ထိုးပြီးထိုသူများ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ဤအမှုကို မြန်မာအမျိုးသမီးများက မြန်မာသံရုံးသို့တိုင်ကြားသော်လည်း မလေးရှားတရားဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်ပေးခြင်းမရှိပဲ သံရုံးကိုတိုင်က သတင်းထိမ်ချန်ပြီး အလိုတူအလိုပါသဘောမျိုးဖြင့် ထိုမိန်းကလေးများကို တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်စေလိုက်သည်။ ဆက်လက်၍ သာမန် စောင့်ရှောက်မှု များဖြင့်သာ အကူအညီပေးထားပြီး မိန်းကလေး(၂) ဦးကို မြန်မာပြန်သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိပါသည်။ မိမိတို့ မြန်မာ နိုင်ငံသားများသည် ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ့်လူမျိုး အစိုးရ၏ ဖိနှိပ် စော်ကားမှုတွေကြောင့် လုံခြုံမှု ကင်းမဲ့နေရသဖြင့် အခြားနိုင်ငံများသို့ နေထိုင်ကြပြန်တော့လည်း အခြားလူမျိုးများ၏ အစော်ကားကို ခံရ၊ အခြား အစိုးရ၏ ဥပက္ခာပြုခြင်းကို ခံရနှင့် လူသားခြင်းမစာနာမှု ၀ဲဂယက်ထဲတွင်လှုပ်လေ မြုပ်လေ ဖြစ်နေရသည်။

မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများ NGOs နှင့် အာဏာပိုင်အဖွဲ့အစည်းများကလည်း သူတို့နိုင်ငံ သူတို့လူမျိုးနှင့် ပတ်သတ်လာလျှင် လက်ရှောင်ချင်ကြသည်မှာ အထင်အရှား နှုတ်ဆိတ်နေချင်ကြသည်မှာ သိသာလွန်းလှပေသည်။ ဒီအခြေအနေ ဒီအခက်အခဲတို့ကြောင့် အကြောင်းတစုံတရာဖြစ်တိုင်း ကယ်ကူသူမဲ့နေ ရသည့် မိမိတို့ မြန်မာလူမျိုးများ အဖြစ်က ရင်နာစရာ ကောင်းလှပါကြောင်း တင်ပြလိုက်ရ ပါသည်။

0 comments: