Showing posts with label Politics of Karen. Show all posts
Showing posts with label Politics of Karen. Show all posts

Tuesday, August 4, 2009

အာရှတိုက်၏ နိုဘယ်ဆုအား မြန်မာမှ ထပ်မံရရှိ


၂၀၀၉ ခုနှစ်အတွက် အာရှတိုက်၏ နိုဘယ်ဆုဟု တင်စား ခံရသည့် ရေမွန် မာဂါဆေးဆေး ဆုချီးမြှင့်ဖို့ရန် အချိန်ကျရောက်လာပြီ ဖြစ်ပါသည်။ ယခုနှစ်တွင် ထိုင်းမှ Krisana Kraisintu, အိန္ဒိယမှ Deep Joshi, တရုတ်မှ Ma Jun နှင့် Yu Xiaogang, ဖိလစ်ပိုင်မှ Antonio Oposa, JR. နှင့် မြန်မာမှ ကစောဝါး တို့မှ ဤဆုကို ဆွတ်ခူး ရရှိ သွားကြောင်း ဖိလစ်ပိုင် အခြေစိုက် ဆုရွေးချယ်ရေး အဖွဲ့မှ သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်ပါသည်။

ကရင် အမျိုးသား ကစောဝါး သည် Earth Rights International အား စတင် တည်ထောင်သူများ ထဲမှ တစ်ဦးဖြစ်ကာ၊ ကစောဝါး၏ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဒီမိုကရေစီ အရေးများ အတွက် ကြောက်ရွံ့မှု ကင်းမဲ့ကာ အကြမ်းမဖက်ဘဲ မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက် မှုများအား အသိအမှတ် ပြုခြင်း အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း ရေးသား ထားပါသည်။

၂၀၀၂ ခုနှစ်တွင် ကရင်အမျိုးသမီး တဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင် အား ရေမွန် မာဂါဆေးဆေး ဆု ပေးအပ်ခြင်း ခံရဖူးသည်။





ဤ ဆုပေးပွဲ အခမ်း အနားကို သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင် Culture Center of the Philippines (CCP) ၌ ကျင်းပမည် ဖြစ်ပါသည်။ ရေမွန် မက်ဂါဆေးဆေး ဖောင်ဒေးရှင်းမှ အယောက်ဆီတိုင်း တက်ရောက် ချီးမြှင့်ရန် လှိုက်လှဲစွာ ဖိတ်ကြားထား ပါသည်။



ရေမွန် မာဂါဆေးဆေး ဆုတံဆိပ် © AFP

Saturday, June 27, 2009

ဒီကေဘီအေတစ်ဦး၏ ရင်ဖွင့်ခံစားမှု

မှတ်ချက်။ forward mail ကရလာလို့ ဒီမှာတင်ဖြစ်သွားတယ်။ ကရင်တစ်မျိုးသားလုံး တစ်ဦးနဲ့ တစ်ဦး ပိုမိုနားလည်မှုများနှင့်အတူ အနာဂတ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရန်အတွက် ရည်ရွယ်ပြီး တင်ပြလိုက်ရတာပါ။ ကရင်တစ်မျိုးသားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မွန်းကြပ်ခြင်းအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

dkba cry-out

Monday, June 15, 2009

Letter to Karen around the world

letter to karen a round the world

Wednesday, June 10, 2009

KNU Statement

knu statement regarding dkba in burmese _8-6-09_