Friday, September 11, 2009

ငါနဲ့မတူ ငါ့ရန်သူ

making_enemies_mary_callahan-2(2)

အိုင်တီ ဟာသ ကာတွန်းများ

it cartoons

Sunday, September 6, 2009

The University for PEACE

This disseminated information is about the University for PEACE.
It is UN's mandated university, known as the Dual Campus Master of Arts in International Peace Studies.
The dual campuses are at Atenee De Manila University, Manila, Philippines & the University for UPEACE in Costa Rica.
The programme aims the UPEACE students to be the Asian PEACE Leaders.
It is full scholarship progamme by Nippon foundation for all nominated candidates.
Below table shows brief information of the programme for next year.

Target population - Asians primarily from Non-English Speaking background with sufficient experience in and intent to be engaged in peace-related work

Closing date for application - 15 October 2009

Commencement of Programme - April 2010

End of Programme - October 2011

Type of scholarship - Full scholarship (100% of tuition, required travel to both campuses and a fixed stipend to assist in daily living expenses)

A person who interests the programme is suggested to surf below web pages for detail information.
http://www.upeace.org/
http://www.internationalpeaceandconflict.org/forum/topic/show?id=780588%3ATopic%3A155155&xgs=1

If you want to fill up online application form, please visit the below web page.
http://www.upeace.org/admissions/dualcampus.cfm#aplication

alp brochure 1

alp brochure 2

Friday, September 4, 2009

မြန်မာ့ရိုးရာ မိဘနဲ့ သားသမီး ကြားဆက်ဆံရေးဟာ တကယ်ပဲ ဗုဒ္ဓဘာသာကို အခြေခံတဲ့ ယဉ်ကျေးမှုကနေ ဆင်းသက်ပါသလား

ဖော်ပြသည့်စာမျက်နှာ - http://mtbgroup.ning.com/
ရေးသူ - amkbkk

ကျနော့ အမြင်ကတော့ မြန်မာပြည်ရဲ့ မိဘ နဲ့ သားသမီး အကြားဆက်ဆံရေးဟာ အပြန်အလှန် ဆွေးနွေး ညှိနှိုင်း တိုင်ပင်မှု နဲ့ မသွားဘဲ မိဘအများစုဟာ မိဘစကားကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ နားထောင်ကြ ဆိုတာနဲ့ သွားတယ်။ ပြီးတော့ မိဘ အများစုက ကိုယ်မှားနေရင်တောင် စေတနာ အမှား စသဖြင့် အကြောင်းပြချက်တွေ ပေးပြီး မှားရင် မှားတယ်လို့ ၀န်မခံ ကြပြန်ဘူး။ သားသမီးရှေ့မှာ မှားတယ်လို့ ၀န်ခံခြင်းဟာ သိက္ခာကျစေတယ် အရိုအသေတန်တယ် စသဖြင့် လွဲမှားစွာ ခံယူကြ ပြန်တယ်။ နောက်တခု အဆိုးဆုံးကတော့ အတွေ့အကြုံ မရင့် ကျက်သေးတဲ့ ကလေးကို စိတ်ရှည်လက်ရှည် ရှင်းပြသွန်သင် ဆုံးမခြင်းမရှိဘဲ ထစ်ခနဲဆို ကြိမ်လုံး ကို အားကိုးခြင်းပဲ။ အဲဒီ အကျိုးဆက်က ဘာတွေဖြစ်လာသလဲဆိုတော့ ကလေးရဲ့ မသိစိတ်မှာ ခံရပါများတော့ မကျေ နပ်ချက်တွေ များလာတယ်။ အခါအခွင့်သင့်တာနဲ့ ပြန်တော်လှန်ချင်စိတ်တွေ ဖြစ်လာတယ်။ အဲဒီကနေ ကြီးပြင်းလာတော့ သဘောထားကွဲလွဲမှုတွေဟာ ညှိလို့ မရတော့တဲ့ အဆင့်အထိ ရောက်လာတတ်တယ်။ လူကြီး မိဘ အများစုက မိမိတို့ကိုယ်တိုင်ဟာ ကလေးဘ၀ကနေပဲ လာခဲ့ရတာ ပါလားဆိုတာကို မေ့တတ်ကြပြီး လူကြီး ဘ၀ အကြိုက်နဲ့ မကိုက်ရင် သားသမီးကို တချက်လွတ်အမိန့်နဲ့ ဟန့်တား တားမြစ်ခြင်း ပြုတတ်ကြပြန်တယ်။ ကျနော်တို့ မြန်မာ မိဘတွေအများစုဟာ သားသမီးက ကိုယ်ပြောသမျှ အကုန် တသွေမတိမ်း မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ နားထောင်၊ မိဘကို အချိန်ပြည့်အားကိုးပြီး ဘာလုပ်လုပ် မိဘရဲ့ ခွင့်ပြုချက်ကို တောင်းခံတတ်တဲ့ သားသမီးကိုမှ သားသမီး အလိမ္မာ အဖြစ် သတ်မှတ်ချင်ကြတယ်။ မိဘ စိတ်ဆင်းရဲအောင် လုပ်တဲ့ သားသမီး မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်တဲ့သားသမီး တသက်လုံး မကြီးပွားဘူးဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောတတ်ကြတယ်။ ဒါ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ မိဘနဲ့ သားသမီး အကြား အများဆုံး ကြုံတွေ့ရတဲ့ ဆက်ဆံရေး ပုံစံပေါ့။

ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်တဲ့ ယဉ်ကျေးမှုကို အခြေခံတဲ့ လူ့ အဖွဲ့အစည်း ဖြစ်တယ်။ ကဲ ဒါဆိုရင် တကယ်ပဲ ဗုဒ္ဓဘာသာ စစ်စစ်ကို အခြေခံထားတာလားလို့ ကြည့်ရအောင်။ ဗုဒ္ဓ မြတ်စွာ ဘုရားဟောခဲ့တဲ့ တရားတော်တွေထဲမှာ ကာလာမသုတ်တော် ဆိုတာ အတော်များများ ကြားဖူးကြမယ် ထင်ပါ တယ်။ ဒီ ကာလာမသုတ်တော် ထဲမှာ ဗုဒ္ဓမြတ်စွာဘုရားက ဒီလိုဟောခဲ့ပါတယ်။

"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံးဖြတ်ပါနဲ့တဲ့။

"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

"မာ တက္ကဟေတု" တက္ကနည်းတွေနဲ့ အကျိုးကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့ မယူဆပါနဲ့။

"မာ နယဟေတု" နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့ ရလာတဲ့ အဖြေနဲ့လည်း အမှန်တယ်လို့ မယူဆပါနဲ့တဲ့။

"မာ ဘဗ္ဗရူပတာယ" ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ သူပြောတာ မှန်တယ်လို့လည်း မယူဆပါနဲ့တဲ့။

"မာ ပိဋကသမ္ပဒါဒေန" ပိဋကတ်စာပေနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ မယူဆပါနဲ့တဲ့။

"မာ သာမဏော နောဂရူတိ" ‘ဒီရဟန်းဟာ တို့ရဲ့ ဆရာပဲ၊ ဒါကြောင့် သူပြောတာ မှန်တယ် လို့ပဲ လက်ခံရမှာပဲ’ လို့ဆိုပြီး မှန်တယ်လို့ လက်ခံပါနဲ့။

ဒီနေရာမှာ သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်ပါတယ်။

ကဲ အနန္တော အနန္တငါးပါးထဲမှာ ထိပ်ဆုံးက ဖြစ်တဲ့ အတုမရှိတဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင်က သူပြောတာတောင် အလွယ်တကူ လက်မခံပါနဲ့လို့ ပြောထားသေးရင် မိဘစကားကို မှန်မှန် မှားမှား တသေဝေမတိမ်း နားထောင်ရမယ်ဆိုတာ ဗုဒ္ဓ အဆုံးအမနဲ့ မဆန့်ကျင်သွားဘူးလား။ တချို့မိဘတွေ ပြောတာရှိသေးတယ် မီးသွေးက မည်းနေရင်တောင် မိဘက ဖြူတယ်ဆို ဖြူရမယ်တဲ့။ ဒါဟာ ဗုဒ္ဓဘာသာဝင် မိဘတွေက ကိုယ့်သားသမီးကို ပြောဆိုလေ့ရှိတဲ့ စကားတွေထဲက တစ်ခုပါ။ နောက်တစ်ခု ပြောပါဦးမယ် ... ဗုဒ္ဓ မြတ်စွာဘုရား ကိုယ်တော်တိုင်ဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားကရော ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓန မင်းကြီးရဲ့ စကားကို တသ ဝေမတိမ်း နားထောင်ပြီး နန်းတော်ထဲမှာ နေပြီး စကြာဝတေးမင်း လုပ်ခဲ့ပါသလား။ ညသန်းခေါင်မှာ တိတ်တဆိတ် တောထွက်သွားတဲ့ အတွက် ဖခင် သုဒ္ဓေါဓန မင်းကြီးမှာ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ဆင်းရဲ ရတဲ့အတွက် “မိဘ စိတ်ဆင်းရဲအောင် မျက်ရည်ပေါက် ကြီးငယ် ကျအောင်” လုပ်ခဲ့တဲ့ သိဒ္ဓတ္ထဟာ တစ်သက်လုံး မကြီးပွားဘဲ နေခဲ့ရတယ်လို့ ကျနော်တို့ လူကြီးမိဘတွေ ဘာလို့ မပြောကြတာလဲ။

မိဘကို အချိန်ပြည့် မှီခိုအားကိုးပြီး မိဘဆီက ခွင့်ပြုချက်ရမှ လုပ်ကိုင်တတ်တဲ့ သားသမီးကို သားလိမ္မာ သမီးလိမ္မာ အဖြစ်သတ်မှတ်ခြင်းဟာ “အတ္ထာဟိ အတ္ထနော နာထော” (မိမိကိုယ်သာ ကိုးကွယ်ရာ) ဆိုတဲ့ ဗုဒ္ဓရဲ့ အဆိုအမိန့်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခြင်းရော မဟုတ်ပေဘူးလား။ မိဘတွေ ကိုယ်၌ကရော ကိုယ့်သားသမီး အဲဒီလို ကိုယ်ပြောသမျှနားထောင် မိမိရဲ့ ဆင်ခြင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင် ဆုံးဖြတ်လုပ်ကိုင် ခြင်းမပြုတတ်ခြင်းကို အလိမ္မာတုံးလေး အဖြစ် သဘောကျ နေခြင်းဟာ သားသမီးကို တကယ်ဘဲ ချစ်တာလား ကိုယ့် အတ္တကိုယ် ချစ်တာလား။

ကျနော်တို့ လူ့ အဖွဲ့အစည်းဟာ တကယ်ရော ဗုဒ္ဓဘာသာကို အခြေခံတဲ့ လူ့အဖွဲ့အစည်းလား ဗုဒ္ဓဘာသာ အမည်ခံ သက်သက်လား။ တကယ်တော့ ကျနော်တို့ တတွေဟာ မိသားစုတစုချင်းစီကစပြီး အာဏာပြရတာ သြဇာပေးရတာကို နှစ်သက်ကြပါတယ်။ ဒီလိုလုပ်တာကိုလဲ မိသားစုအပေါ် သြဇာညောင်းတယ် မီးသေတယ် ဆိုပြီး ဂုဏ်ယူ ကြပြန်သေးတယ်။ မြန်မာ မိသားစု အများစုရဲ့ ဆက်ဆံရေးပုံစံဟာ ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုနဲ့ သွားသလား အကြီးအကဲဆိုသူရဲ့ အမိန့်နဲ့ သွားသလား ဆိုတာ မိမိတို့ကိုယ်တိုင်ပဲ ဝေဖန်ဆန်းစစ် ကြည့်ကြပါ။

ကျနော်ဆိုလိုသည်မှာ မိဘစကားကို နားမထောင်ရ ဆန့်ကျင်ရမည် ဆိုတာမျိုးကို ပြောဆိုခြင်း လုံးဝ မဟုတ်ပါ။ တဖက်သတ် ဆန်သော တနည်းအားဖြင့် အာဏာရှင် ဆန်နေသော ဗုဒ္ဓဘာသာ အမည်ခံ အာဏာရှင် လူ့ အဖွဲ့အစည်းပုံစံဖြစ်နေသော အမှန်တရားတခုကို ထောက်ပြခြင်း ဖြစ်ပါသည်။ မိသားစု ဟုခေါ်သော လူ့အဖွဲ့ အစည်း အသေးစားလေးများမှ အခြေခံသော အာဏာရှင်ဆန်သော မိသားစု ပုံစံသည် အာဏာရှင်စနစ် ဟုခေါ်သော တိုင်းပြည်၏ စနစ် ပုံစံအထိ အကျိုးသက်ရောက်မှု ရှိပါသည်။ တကယ်တော့ အာဏာရှင် စနစ်သည် ကျနော်တို့ လူ့ အဖွဲ့အစည်းတွင် ကြာမြင့်စွာ အမြစ်တွယ်နိုင်ခြင်းမှာ ကျနော်တို့ လူ့ အဖွဲ့အစည်း၏ တောင်းဆိုမှုကြောင့်ပင် ဖြစ်ပါသည်။ ကျနော်တို့ ပါးစပ်က မည်မျှပင် အာဏာရှင် စနစ်ကို မနှစ်သက်ပါဟု ပြောနေစေကာမူ မိမိ၏ မိသားစု တစုချင်းစီ၏ ပုံစံသည် ထိုစနစ်ကိုပင် အခြေခံသော ပုံစံဖြစ်နေပါက ပုံစံတူ မိသားစုပေါင်းများစွာ နေထိုင်သော ထိုနိုင်ငံ၏ စနစ်သည်လည်း အလားတူ စနစ်အသွင်သဏ္ဍာန်မျိုး ဖြစ်နေခြင်း မှာ ထူးဆန်းအံ့မထင်ပါ။

ပေးပို့လာသော ဝေယံဘုန်းအား အထူးကျေးဇူးတင်ရှိပါသည်။
ကျွန်မတို့ မြန်မာ အသိုင်းအ၀ိုင်း အတွင်း ဤကဲ့သို့ အတွေးအခေါ် ရင့်သန်သော စာပေ အများအပြား ပေါ်ပေါက်လာသင့်သည်။ ကျွန်မတို့ လူမှု အသိုင်းအ၀ိုင်းအား ဘက်စုံထောင့်စုံမှ အပေါင်း လက္ခဏာဆောင်သော ဝေဖန်စာပေများ များများ ရေးသားဖို့ လိုအပ်ပေသည်။ သို့မှသာ မိမိကိုယ်ကို ဆန်းစစ်ပြီး ပြုပြင်သင့်သည့် အတွေးအခေါ်များ ရှိပါက ပြုပြင် ပြောင်းလဲရန် အနာဂတ်မှ သင့်ကို ဆီးကြိုနေပါသည်။ ခောတ်စနစ်သည်လည်း ပြောင်းလဲလာပြီး ဖြစ်သည်နှင့်အညီ မိမိယဉ်ကျေးမှု နှင့်ကိုက်ညီသည့် အရာများကို ရှေးရိုးမပျက် ဆန်းသစ်လုပ်ဆောင်သွားဖို့ လိုပေသည်။ သို့မှသာ ဖွံဖြိုး တိုးတက် အောင်မြင်သော လူမှု အသိုင်းအ၀ိုင်းကို တည်ထောင်သွားနိုင်မည် ဖြစ်ပေသည်။

YOUR AGE BY CHOCOLATE MATH

အောက်ပါ ချော့ကလက် ဂဏန်းပေါင်းစက်လေးဟာ သင့်ရဲ့အသက်အမှန်ကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ အောက်ပါ ညွှန်ကြားချက်အတိုင်းသာ သင်သွားပါ။ အံ့သြစရာကောင်းလောက်အောင် သင့်ရဲ့အသက်အမှန်ကို သင်မြင်ရမှာ ဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Don't tell me your age, you'd probably lie anyway - but the Chocolate Man will know!

This is pretty neat.

DON'T CHEAT BY SCROLLING DOWN FIRST!
It takes less than a minute .
Work this out as you read .
Be sure you don't read the bottom until you've worked it out!
This is not one of those waste of time things, it's fun.

1. First of all, pick the number of times a week that you would like to have chocolate (more than once but less than 10)

2. Multiply this number by 2 (just to be bold)

3. Add 5

4. Multiply it by 50 -- I'll wait while you get the calculator

5. If you have already had your birthday this year add 1759 ..
If you haven't, add 1758.

6.. Now subtract the four digit year that you were born.

You should have a three digit number...

The first digit of this was your original number (i.e., how many times you want to have chocolate each week).

The next two numbers are...

YOUR AGE! (Oh YES, it is!!!!!)

THIS IS THE ONLY YEAR (2009) IT WILL EVER WORK, SO SPREAD IT AROUND WHILE IT LASTS.

Chocolate Calculator.


Tuesday, September 1, 2009

THE ROLE OF INSTITUTION AND ECONOMIC DEVELOPMENT

paper3_nawhsercoo&thehmar

THE EFFECT OF CAPITALIST SYSTEM ON DEVELOPMENT

paper2_nawhsercoo