Sunday, July 26, 2009

အော်ပီကျယ်၏ သူနှင့်သူမ ကာတွန်းများ

မြန်မာ ကာတွန်း ဆရာ အော်ပီကျယ် သည် မြန်မာ့ လူမှု အသိုင်းအ၀ိုင်း အတွင်း အမျိုးသမီး နှင့် အမျိုးသား ၏ ယေဘုယျ ပြုမူ နေထိုင် ကျင့်ကြံ ပုံကို ဟာသ မြောက် စွာ ရေးဆွဲ တင်ဆက်ထား ပါသည်။ ဖတ်ရင်း ဖတ်ရင်း ကျမ တစ်ယောက်တည်း သဘောကျစွာ ပြုံးနေမိသည်။ ရေးဆွဲသူသည် မြန်မာ ဖြစ်သည့် အားလျော်စွာ မြန်မာ့ ယဉ်ကျေးမှု ရေမြေ သဘာဝနှင့် အညီ အခြေပြု၍ ရသမြောက်စွာ ရေးဆွဲထား သည်ကို လည်း တွေ့ရ ပါသည်။ ဤ ကာတွန်းကို ဖတ်ကြည့်ခြင်း အားဖြင့် ကျမတို့ မြန်မာ အမျိုးသမီး နှင့် အမျိုးသားများ ၏ ပြုမူ နေထိုင် ဆောင်ရွက်ပုံကို အခြား တိုင်းတပါးများ နှင့် မတူကြောင်း ကိုလည်း ချိန်ထိုးနှိုင်းဆ နိုင်ပါသည်။ အမိအိမ်နှင့် ဝေးနေသော သူတိုင်း ကာတွန်းကို ဖတ်၍ တစုံတရာ လွမ်းနေ လိမ့်မည်ဟု ကျမ ထင်မြင်မိ ပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ လူမှုလိင် (Gender) အကြောင်း လေ့လာချင်သော သူများအတွက် တစုံတရာ အကျိုးရှိ လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ ပေးပို့လာသော ဒေါက်တာစန်းထွန်းအား အထူးကျေးဇူးတင်ရှိ ပါသည်။

cartoonapk-thu-and-thuma

0 comments: